အာဗြဟံ/၏ ယုံကြည်ခြင်း
4
ဘုရားသခင်/၏/ရှေ့တော်/၌ ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရခြင်း/နှင့်/ပတ်သက်၍ ကျွန်ုပ်တို့/ဂျူးလူမျိုး/၏ ဘိုးဘေး/အာဗြဟံ/သည် မည်သို့/ကြုံတွေ့ခဲ့သနည်း။ 2 အကယ်၍ အာဗြဟံ/သည် သူ/၏/အကျင့်သီလ/ကြောင့် ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရ/လျှင် သူ/၌ ဂုဏ်ယူ/ဝင့်ကြွားစရာ/ရှိ၏။ သို့ရာတွင် ဘုရားသခင်/ရှေ့တော်/၌ ထိုသို့/ဂုဏ်ယူ/ဝင့်ကြွားစရာ/မရှိ။ 3 ကျမ်းစာ/၌ “အာဗြဟံ/သည် ဘုရားသခင်/ကို ယုံကြည်/သဖြင့် ထို/ယုံကြည်ခြင်း/ကို ထောက်/၍ ဘုရားသခင်/သည် အာဗြဟံ/အား ဖြောင့်မတ်သူ/အဖြစ် သတ်မှတ်တော်မူ၏”a ဟု ဖော်ပြထား၏။4 အလုပ်/လုပ်သောသူ/၏ လုပ်အားခ/မှာ ကျေးဇူးပြုခြင်း/ခံရသည့်/အနေဖြင့် ရသည်/မဟုတ်။ ထို/သူ ရထိုက်သော/လုပ်အားခ/ဖြစ်၏။ 5 သို့သော် လူတို့/အနေဖြင့် ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရခြင်း/မှာ မိမိတို့/၏ အကျင့်သီလ/ကြောင့် မဟုတ်ဘဲ ဘုရားတရားမဲ့သူများ/ကို ခွင့်လွှတ်တော်မူသည့် ဘုရားသခင်/ကို ယုံကြည်/သောကြောင့်/ဖြစ်၏။ 6 အကျင့်သီလ/မရှိ/သော်လည်း ဖြောင့်မတ်သည်/ဟု ဘုရားသခင်/သတ်မှတ်တော်မူသော/သူတို့/၏ မင်္ဂလာ/ရှိခြင်း/နှင့်/ပတ်သက်၍ ဒါဝိဒ်မင်း/သည် ဤသို့/ဖော်ပြခဲ့၏။
7 “ဒုစရိုက်မှု/မှ ခွင့်လွှတ်ခြင်း/အခွင့်/နှင့်
အပြစ်များ/မှ လွတ်ငြိမ်းခွင့်ရသော/သူတို့/သည်
မင်္ဂလာ/ရှိကြ၏။
8 မိမိ/၏ အပြစ်များ/ကို ထာဝရဘုရား မှတ်တော်မူခြင်း/မခံရသောသူ/သည်
မင်္ဂလာ/ရှိ၏။”
9 ဤ/ကောင်းချီးမင်္ဂလာ/သည် အရေပြားလှီးခြင်း/မင်္ဂလာ/ကို/ခံယူသောသူတို့/အတွက်/သာ ဖြစ်သလော။ သို့မဟုတ် အရေပြားလှီးခြင်း/မင်္ဂလာ/ကို မခံယူသော/သူတို့/အတွက်/လည်း ဖြစ်သလော။ ကျွန်ုပ်တို့/ဆိုခဲ့သည့်/အတိုင်း အာဗြဟံ/သည် သူ/၏/ယုံကြည်ခြင်း/ကြောင့် ဖြောင့်မတ်သူ/အဖြစ် သတ်မှတ်ခြင်း/ခံရ၏။ 10 ဤသို့/ဆိုသော် မည်သို့သော/အခြေအနေ/တွင် သတ်မှတ်သနည်း။ အရေပြားလှီးခြင်း/မင်္ဂလာ/ကို သူ/ခံယူ/ပြီးမှလော။ မခံယူ/မီ/က/လော။ ခံယူ/ပြီးမှ မဟုတ်။ မခံယူမီ/ကပင် သတ်မှတ်ခြင်း/ခံရ၏။
11 အာဗြဟံ/သည် အရေပြားလှီးခြင်း/မင်္ဂလာ/ကို မခံယူမီ/ကပင် ယုံကြည်/နှင့်ပြီး/ဖြစ်/သဖြင့် ဘုရားသခင်/သည် သူ့/ကို လက်ခံ/၍ ဖြောင့်မတ်သူ/အဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့/သတ်မှတ်ကြောင်း/ကို/ပြသော အမှတ်/လက္ခဏာ/အနေဖြင့် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်း/မင်္ဂလာ/ကို မခံယူ/သော်လည်း သူတို့/၏/ယုံကြည်ခြင်း/ကြောင့် ဖြောင့်မတ်သည်/ဟု သတ်မှတ်/ခံရသောသူ/မှန်သမျှ/အတွက် အာဗြဟံ/သည် ဖခင်ကြီး/ဖြစ်လာ၏။ 12 ထို့ပြင် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူသော/သူတို့/အတွက်/လည်း အာဗြဟံ/သည် ဖခင်ကြီး/ဖြစ်လာ၏။ သို့သော် အာဗြဟံ/အရေပြားလှီးခြင်း/မင်္ဂလာ/ကို မခံယူ/မီက ရှိခဲ့သော/ယုံကြည်ခြင်း/မျိုး/သည် ထို/သူတို့/၌ ရှိရမည်/ဖြစ်၏။
13 အာဗြဟံ/နှင့် သူ/၏ မျိုးဆက်များ/အား ဤ/ကမ္ဘာလောက/ကို အမွေပေးမည်/ဟူသော ဘုရားသခင်/၏/ကတိတော်/မှာ ပညတ်တရား/ကို လိုက်နာ/ကျင့်သုံးခြင်း/ဖြင့် ရသည်/မဟုတ်။ ဘုရားသခင်/ကို ယုံကြည်/သောကြောင့် ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရခြင်း/ဖြင့် ရ၏။
14 ဘုရားသခင်/၏ ကတိတော်/သည် ပညတ်တရား/ကို လိုက်နာ/ကျင့်သုံးသော/သူတို့/အတွက်/သာ ဖြစ်/လျှင် ယုံကြည်ခြင်း/ကို မလိုအပ်ပေ။ ကတိတော်/သည်လည်း အဓိပ္ပာယ်/မဲ့နေပေမည်။ 15 ပညတ်တရား/ကို မနာခံသော/သူတို့/သည် ပြစ်ဒဏ်ပေးခြင်း/ခံရ၏။ ပညတ်တရား/မရှိ/လျှင်မူ ချိုးဖောက်စရာ/လည်း မရှိပေ။
16 ထို့ကြောင့် ဘုရားသခင်/၏/ကတိတော်/ကို ယုံကြည်ခြင်း/အားဖြင့် လက်ခံရရှိ၏။ ထို/ကတိတော်/ကို ကျေးဇူးတော်/အားဖြင့် အာဗြဟံ/၏ မျိုးဆက်/အားလုံး လက်ခံရရှိမည်/မှာ အမှန်/ပင်/ဖြစ်၏။ ပညတ်တရား/ကို လိုက်နာကျင့်သုံးသော/သူတို့/ဖြစ်စေ၊ မကျင့်သုံးသော/သူတို့/ဖြစ်စေ အာဗြဟံ/၌/ရှိသည့် ယုံကြည်ခြင်း/မျိုး ရှိသောသူ/မှန်/လျှင် လက်ခံရရှိမည်/ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံ/သည် ယုံကြည်သော/သူတို့/၏ ဖခင်ကြီး/ဖြစ်/သောကြောင့်/ပင်/ဖြစ်၏။ 17 ဖခင်ကြီး/ဖြစ်သည့်/အရာ/မှာ ကျမ်းစာ/၌ ဘုရားသခင်/သည် အာဗြဟံ/အား “ငါ/သည် သင့်/ကို လူမျိုး/များစွာတို့/၏ ဖခင်ကြီး/ဖြစ်စေပြီ” ဟု မိန့်တော်မူသည့်/အတိုင်း/ဖြစ်၏။ ထိုသို့ ဖခင်ကြီး/ဖြစ်ရခြင်း/မှာ အာဗြဟံ/သည် သေလွန်သော/သူတို့/ကို ပြန်ရှင်စေတော်မူသော/အရှင်၊ မဖြစ်ဖူးသေးသည့်/အရာများ/ကို ဖြစ်ပေါ်စေတော်မူသော/အရှင် ဘုရားသခင်/ကို ယုံကြည်/သောကြောင့်/ဖြစ်၏။
18 ဘုရားသခင်/က “သင်/၏ မျိုးဆက်/သည် အလွန်/များပြား/လိမ့်မည်” ဟု မိန့်တော်မူခဲ့/သဖြင့် အာဗြဟံ/သည် မျှော်လင့်စရာ မရှိသည့် အခြေအနေ/၌/ပင် လူမျိုး/များစွာတို့/၏ ဖခင်ကြီး/ဖြစ်မည်/ဟု ယုံကြည်/လျက် မျှော်လင့်ခဲ့၏။ 19 အာဗြဟံ/သည် အသက်/တစ်ရာ/ခန့်/ရှိ/၍ မိမိ/ခန္ဓာ/သည် အသေ/ကဲ့သို့/ရှိကြောင်း/နှင့် မိမိ/ဇနီး/စာရာ/၏ ဝမ်း/သည် မြုံကြောင်း/ကိုb ဆင်ခြင်မိ/သောအခါ/၌/ပင်လျှင် ယုံကြည်ခြင်း/မလျော့နည်းခဲ့ပေ။
20 သူ/သည် ဘုရားသခင်/၏ ကတိတော်/ကို ယုံမှား/သံသယ/မဖြစ်ပေ။ ယုံကြည်ခြင်း/သာ ပိုမို/ခိုင်မာလာ/၍ ဘုရားသခင်/၏ ဂုဏ်တော်/ကို ချီးမွမ်းလေ၏။ 21 ထို့ပြင် ကတိထားတော်မူ/သမျှသော/အရာတို့/ကို ဘုရားသခင်/တတ်စွမ်းနိုင်တော်မူသည်/ဟု အပြည့်အဝ/ယုံကြည်လေ၏။ 22 ထို/ယုံကြည်ခြင်း/ကြောင့် ဘုရားသခင်/သည် အာဗြဟံ/အား ဖြောင့်မတ်သူ/အဖြစ် သတ်မှတ်တော်မူ၏။ 23 ထိုသို့ ဖြောင့်မတ်သူ/အဖြစ် သတ်မှတ်တော်မူကြောင်း ကျမ်းစာ/၌ ရေးသားထားသည်/မှာ အာဗြဟံ/တစ်ဦးတည်း/အကျိုး/အတွက်/သာ မဟုတ်။ 24 ကျွန်ုပ်တို့/အကျိုး/အတွက်/ပါ ရေးထားခြင်း/ဖြစ်၏။ ကျွန်ုပ်တို့/၏/သခင် ယေရှု/ကို သေခြင်း/မှ ရှင်ပြန်/ထမြောက်စေတော်မူသော/ဘုရားသခင်/ကို ကျွန်ုပ်တို့/ယုံကြည်/လျှင် ဘုရားသခင်/သည် ကျွန်ုပ်တို့/ကိုလည်း ဖြောင့်မတ်သူများ/အဖြစ် သတ်မှတ်တော်မူမည်။
25 ထို/အရှင်/သည် ကျွန်ုပ်တို့/၏ အပြစ်များ/ကြောင့် အသေခံ/ရန် အပ်နှံခြင်း/ကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့/ကို ဘုရားသခင်/ရှေ့တော်/၌ ဖြောင့်မတ်သည်/ဟု သတ်မှတ်ခံရ/စေရန်/လည်း ရှင်ပြန်/ထမြောက်တော်မူခဲ့၏။